07 December 2009

လူပါးပိုးထိ၊ လည်လွန်းတဲ့ဘီးချီးနင်း

ရှေးဆိုရိုးစကားဆိုတာ အလကားဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ထက်အရင်းမွေး၊ အတွေ့အကြုံရှိသူတွေက စကားကိုလက်ဆင့်ကမ်းရာကနေဖြစ်လာတယ်လို့ဘဲမှတ်ယူပါတယ်။ ကိုယ်တွေ့ကြုံရတဲ့ဖြစ်ရပ်လေးတခုပါ ဇာတ်လမ်းတော့မဆုံးသေးပါဘူး။ ဒါပေမဲ့စိတ်ထဲမှာရေးချင်တဲ့စိတ်ကူးလေးပေါ်လာလို့ ရေးဖြစ်သွားတာပါ။
နာမည်လေးက ကိုလူလည်လို့ဘဲမှတ်ထားရအောင်ပါ။ သူကတော့ မွေးဖွားရာနေရာမှာလူရည်လည်ပီးအလွန်လည်တဲ့လူတယောက်အဖြစ် မှတ်ထားကျအောင်ဗျာ။ နောက်တယောက်ကတော့ မိဂျင် လို့ဘဲမှတ်ထားရအောင်ပေါ့။ ကိုလူလည် ရဲ့ဥပတိရုပ်ကို စပီးပြောရအောင်ဗျာ။ သူကအသားညိုညို ဗလတောင့်တောင့်၊ မျက်ခုံးမွေးကောင်းကောင်းနဲ့ဥပတိရုပ်လေးပါ။ စွဲဆောင်မှုရှိတဲ့ရုပ်မျိုးလို့ဘဲပြောရမှာပါ။ ကိုလူလည်တယောက် ကိုယ်ပိုင်ကားတစ်စီးနဲ့ဟိုသွားလိုက်ဒီလာလိုက် သူငယ်ချင်းတွေနဲ့ပျော်ပါးလိုက်နဲ့ပေါ့။ အသက်ကလဲ (30)နားရောက်နေပီလေ။ ကိုလူလည် ကလဲစွံတဲဗျ။ ကောင်းမလေးတွေကလဲ သူကိုတော်တော်ကြိုက်ကျတယ်။ စွဲဆောင်မှုရှိတယ်လို့ဘဲပြောရမလားဘဲ။ သူကလဲအရာရာကို တွက်ချက်ပီးတော့မှကြိုက်တာဗျ။ လူရည်လည်တဲ့ ကိုလူလည်ဘဲ။ တနေ့တော့ သူငယ်ချင်းတွေနဲ့ ညကလပ်ကိုသွားရာကနေ ကောင်မလေးတယောက်ကိုတွေ့လိုက်မိပါတယ်။ မိဂျင်ပေါ့။ ကောင်မလေးကလဲ လှတဲ့အထဲမှာတော့မပါပါဘူး ဒါပေမဲ့ ၀တ်တာစားတာ နေတတ်ထိုင်တတ်တော့ စွဲဆောင်မှုရှနေတာပေါ့။ ဒီလိုစွဲဆောင်မှုရှိတဲ့လူ(2)ယောက် ချစ်ကြိုက်ကျပါတော့တယ်။ ကိုလူလည်ကလဲ ထုံးစံအတိုင်းတွက်ချက်တာပေါ့။ မိဂျင်ကလဲ ခေသူမှမဟုတ်တာ ကားအကောင်းစားကိုမှ စတေကာကပ်စီးထားတော့ ကိုလူလည် သဘောကျမယ်ဆိုလဲကျချင်စရာဘဲပေါ့။ မိဂျင်က အရာရှိကြီးတယောက်လို့ရဲ့တစ်ဦးတည်းသော သမီးဖြစ်တယ်ဆိုတာကို ကိုလူလည်ကိုပြောပြတာပေါ့။ ကိုလူလည်ဘဲ ဘယ်ခေပါ့မလဲ လိုက်စုံစမ်းတာပေါ့ မိဂျင်အကြောင်းကို အဲဒီမှာ ကိုလူလည်တယောက်အံ့သြသွားရပါတယ် ဘာလို့လဲဆိုတော့ မိဂျင်ပြောတဲ့ သူအဖေဆိုတာ နယ်နယ်ရရရာထူးကြီးတာမှမဟုတ်တာ။ အထက်တန်းထဲကဆိုတော့ ကိုလူလည်တယောက် တွက်ချက်မိတာနဲ့ကံ့ကိုက်ဘဲပေါ့။ ဒီလိုနဲ့ ကိုလူလည်ဟာ မိဂျင်အပေါ်မှာတော်တော်လေးကိုစွဲလန်းပြီးချစ်နေမိပါတယ်။ ကိုလူလည်တကယ်ချစ်တာလား၊ တွက်ချက်ပီးချစ်တာလားတော့ မသိပါဘူး။ မိဂျင်ရဲ့တကယ်ဘ၀အမှန်က အဲဒီသူအဖေဆိုတဲ့လူကြီးက သူအဖေအရင်းမဟုတ်ဘဲ မိဂျင်ရဲ့စပွန်ဆာဆိုတာကို ဘယ်သူမှမသိကျပါဘူး။ ကိုလူလည်လဲမသိပါဘူး။ ကိုလူလည်ကိုတောင်မျက်စိလည်သွားအောင်လိမ်တတ်တဲ့မိဂျင်နဲ့ အစွမ်းအစကို ချီးကျူးရမလိုပါဘဲ။ ကိုလူလည် အရာရာကိုတွက်ချက်တတ်တဲ့ကိုလူလည် ဘယ်လိုဇာတ်သိမ်းမလဲဆိုတာကို စောင့်ရင်းနဲ့ ရင်ထဲမှာရီချင်လွန်းလို့ ရေးလိုက်ရတာပါ။ အခုအကြောင်းအရာတွေဟာ ဘယ်သူကိုမှစော်ကားလိုစိတ်မရှိသလို တိုက်ဆိုင်မှုရှိခဲ့တဲ့သူများကိုလည်းနားလည်ပေးပါလို့ .....ဘာညာကွိကွတယောက် ဇာတ်သိမ်းပိုင်းကိုစောင့်မျှော်ရင်းနဲ့ပေါ့

1 comment:

  1. လောကမှာ အချစ်တုတွေ အများကြီးပါ။ ဥစ္စဓနငွေကြေးကို တွက်ချက်ပြီး
    ကြည့်တတ်ကြလို့ ရလာတဲ့ ရလဒ်က ဘယ်တော့မှ မတည်မြဲတတ်ပါဘူး။
    အင်း...ဒီပို့စ်ထဲက ငွေဂုဏ်မက်တဲ့ ကိုလူလည်......ဘ၀ကို လွယ်လွယ်နဲ့ ဖြတ်သန်းချင်တဲ့ စိတ်ဓာတ်နဲ့ ကိုလူလည်.......

    ကိုယ်တကယ်ချစ်မိသွားတဲ့ ကောင်မလေး နဲ့သာ ကြုံဆုံရင်..ဘယ်လိုစခန်းသွားမှာလဲ.........တွေးမိပါတယ်...

    ReplyDelete

ခုလိုထင်မြင်ချက် ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာပါတယ်ဗျာ
သင့်ထင်မြင်ချက်က ကျွန်ုပ်အတွက် တန်ဖိုးဖြတ်မရတဲ့ အားဆေးတစ်ခွက်ပါ။

About me